about

မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်အား ဌာနကြီး ၄ ခုဖြင့် ဖွဲ့စည်းထားပါသည်။

အထွေထွေအုပ်ချုပ်ရေးရာဌာနကြီး

အုပ်ချုပ်မှုဌာနကြီးအောက်တွင် JV လုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီ ၈ ခုရှိပြီး ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်နေသည့် နိုင်ငံများမှာ စင်္ကာပူ၊ မလေးရှား၊ တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယား နှင့် ဂျပန် နိုင်ငံများမှ ဖြစ်ပါသည်။ ထို့ပြင် အားကစားအနေဖြင့် မြဝတီ ဘောလုံးအသင်း လီမိတက် ကို တည်ထောင်ထားရှိပါသည်။

ကုန်သွယ်မှုလုပ်ငန်းများဌာနကြီး

ကုန်သွယ်မှုလုပ်ငန်းများဌာနကြီးအောက်တွင် ကုမ္ပဏီ ၆ ခုရှိပြီး လယ်ယာထွက်ပစ္စည်း၊ ငါး ပုစွန် မွေးမြူရေးနှင့် ရေထွက်ပစ္စည်းများကို တင်ပို့ရောင်းချပြီး လူသုံးကုန်ပစ္စည်းများအား တင်သွင်းရောင်းချပါသည်။

ဝန်ဆောင်မှုလုပ်ငန်းများဌာနကြီး

ဝန်ဆောင်မှုလုပ်ငန်းများဌာနကြီးအောက်တွင် ကုမ္ပဏီ ၁၀ ခုရှိပြီး ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ သင်္ဘောလုပ်ငန်း၊ ဆိပ်ကမ်းလုပ်ငန်း၊ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ ပါဝင်ကြပါသည်။

ထုတ်လုပ်မှုလုပ်ငန်းများဌာနကြီး

ထုတ်လုပ်မှုလုပ်ငန်းများ ဌာနကြီးအောက်တွင် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့် သကြားစက်၊ ဆပ်ပြာစက်၊ LED မီးသီးစက်ရုံ၊ အိမ်သုတ်ဆေးစက်ရုံ၊ ဆီအုန်းစက်ရုံ၊ ကျောက်ပြားစက်ရုံများနှင့် သတ္တုတူးဖေါ်ရေးလုပ်ငန်းများ လုပ်ကိုင်ပါသည်။

မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်အား အများပိုင်ကုမ္ပဏီအဖြစ် ၃၁-၃-၂၀၁၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံအတွင်းရှိ အသိအမှတ်ပြု MICPA စာရင်းစစ်အဖွဲ့များဖြင့် ကုမ္ပဏီအရှုံးအမြတ်နှင့် ငွေစာရင်းများအား အစစ်ဆေးခံလျက်ရှိပါသည်။